Wednesday, August 19, 2009

autoLisp command macro.....!

တကယ်တော့ auto CAD drafting, modeling ပိုင်းမှာ professional တယောက်ချင်းစီဟာ command တွေကိုသိတာခြင်း အသုံးချနိုင်တာခြင်းအရမ်းကြီးမကွာကြပါဝူး ဒါပေမယ့် macro သုံးလေ့ရှိတဲ့ user ကတော့ပုံမှန်ထက် လွယ်ကူ လျင်မြန်စွာ drawing တွေကို ပြီးစီးလေ့ရှိပါတယ်... ဘာကြောင့်လည်းဆိုတော့ auto CAD ကိုသုံးပြီး drawing တခုဆွဲနေတုန်းမှာ command line ကနေ command တွေကို အကြိမ်ကြိမ် ရိုက်နှိပ်အသုံးချရလေ့ရှိပါတယ်.... တချို့ တချို့ သော မိမိသုံးနေကြ command တွေဟာ မလိုအပ်ပဲအချိန်တွေပိုပေးနေရတာမျိုးကို သတိထားမိချင်မှထားမိပါလိမ့်မယ်... သေချာပါတယ် အဲ့ဒိလိုကိစ္စမျိုးရှိနေတာ... တကယ်တော့ချန်းချန်းက အင်မတန်ညံ့ပါတယ်... ထုံလိုက်တာလည်း လွန်ပါရောလို့ ခနခန အပြောခံထိတဲ့သူတွေထဲမှာ ချန်းချန်းလည်းတယောက်အပါအ၀င်ပေါ့..(နဲနဲကြွားထားတာ အထင်ကြီးအောင်...ဟိဟိ)
ဒါပေမယ့် သူသူငါငါ ပုံတွေဆွဲရရင်တော့ ချန်းချန်းက မြန်မြန်ပြီးလေ့ရှိပါတယ်.... (လက်တွေ့အင်တာဗျူးဖြေတဲ့ အချိန်တွေဆို ချန်းချန်းတို့ပျော်တာပေါ့)
ပုံတပုံအတွက် mi .. enter ဆိုတဲ့ command ကို အကြိမ် ၃၀ အသုံးပြုရတယ်ဆိုပါတော့..
အဲ့ဒိ mi အစား mm ... enter ပဲနှိပ်ရမယ်ဆိုရင် အချိန် စက္ကန့်ဝက်လောက်ခြွေတာဖြစ်နိုင်ပါတယ်...တချက်ချင်းအတွက်မသိသာလှပေမယ့် စက္ကန့်ဝက်တွေပေါင်းများလာတဲ့အခါ နာရီတွေ ရက်တွေဖြစ်လာပါတယ်... အဲ့ဒိ mi ကို mm အဖြစ်ပြောင်းတာမျိုးက ရိုးရှင်းပါတယ်...

auto CAD ရဲ့ visual lisp editor ကနေ file အသစ်တောင်းပြီး အောက်က code လေးတွေကို ( ctrl+c.... ctrl+v...Cheesy) ကူးရေးပါ...

(defun c:mm () (command ".mirror") (princ))

အဲ့ဒါရဲ့ အဓပ္မါယ်ကတော့
( program တခုစမယ်...
mm ဆိုတဲ့ function name ကို auto CAD command တခုအဖြစ်သတ်မှတ်ပါတယ်... defun c:mm ()
mirror ဆိုတဲ့ command ကို ခေါ်ပေးထား (command ".mirror") တကယ်လို့ တစုံတယောက်က Undefine လုပ်ထားရင်လည်း mirror ကို ခေါ်ရမယ်.. ( စွတ်ပဲ....)
(princ) အပို return တွေ မမြင်ရဖို့ပါ...
) ဒါပဲ....

program တခုရဲ့ ဖွဲစည်းပုံ အပြည့်အစုံပါပါတယ်....
(defun c:function_name (/)
(do something)
)

ခင်မင်လေးစားလျက်...
ချန်းချန်း

No comments:

Post a Comment