ချန်းချန်းတို့ auto cad ကို သုံးပြီး visual lisp ကို စတင်ဖို့ auto CAD ရဲ့ visual lisp editor ကနေ ဖိုင် အသစ်တခုဖွင့်..
(defun c:my-first ()
(alert "Hello World!")
(princ)
)
လို့ရိုက်ပါ... file ကို my-first နာမည်နဲ့ save လုပ်ပြီး...runကြည့်ရအောင်နော်...
autocad command line မှာ ap လို့ရိုက်ပြီး enter ခေါက်ရင် loadapplication dialoug box ပေါ်ပါမယ်..
မိမိဖန်တီးခဲ့တဲ့ my-first.lsp ကိုload လုပ်ပြီး load application dialoug box ကို close လုပ်ပါ..
command line မှာ...my-first လို့ရိုက်ပြီး enter ခေါက်ရင် ဒီprogram လေး run သွားတာကို တွေ့ရပါလိမ့်မယ်...
run သွားတာကို တွေ့လိုက်ပြီးဆိုတာဟာ... visual lisp programmer တယောက်ရဲ့ ပထမခြေလှမ်း ဆိုတဲ့အကြောင်း ကမ္ဘာကြီးကို နှုတ်ဆတ်လိုက်တာ
လို့ပဲထားပါစို့....
(defun c:my-first ()
(alert "Hello World!")
(princ)
)
ဒါဟာ autolisp program တခုဖြစ်တာကြောင့် လက်သည်းကွင်း အဖွင့်အပိတ်ကို သုံးပါတယ်...
(
အမြဲတန်း လက်သည်းကွင်းဖွင့်ပြီးprogram ကိုစတင်ပါတယ်... ကွင်း အဖွင့် အပိတ်ဟာမှန်ကန်ရပါတယ်... ကွင်း အပိတ်လိုနေရင် ဖြစ်စေ.. အပိတ်ပိုနေရင်ဖြစ်စေ program အလုပ်မလုပ်နိုင် ပါဝူး... ပထမဆုံးစခဲ့တဲ့ ကွင်းကို ပိတ်ပြီးပြီဆိုရင် function တခုပြီးဆုံးတယ်ဆိုတဲ့အဓိပ္မါယ်ကို ဖေါ်ဆောင်တာပါပဲ...
defun ဆိုတာက define function ပါ... function တခုအဖြစ် ကြေငြာတာပါ...
c: ဆိုတာကတော့ auto cad ရဲ့ command line မှာ auto CAD command တခုအနေနဲ့ my-first ဆိုတဲ့ function ကိုသုံးမယ်ဆိုတဲ့အဓိပ္မါယ်ပါ..
တကယ်လို့ c: ကို မသုံးခဲ့ရင်တော့ global function တခုဆိုတဲ့ အဓိပ္မါယ်သက်ရောက်ပါတယ်....
(alert "Hello World!") ကတော့ expression ပါ.. expression ဟာ function တခုနဲ့ အမြဲစပါတယ်... ဒီမှာတော့ alert ဆိုတဲ့ function ကိုသုံးထားပါတယ် alert ကိုသုံးခြင်းအားဖြင့် message တခုကို simple dialog box တခုနဲ့ပြနိုင်မှာဖြစ်ပါတယ်..... double quote ၂ ခုကြားကရှိတာကတော့ string ပါ...
(princ) ကတော့ expression ကို return ပြန်ပြီး clean exit ဖြစ်စေချင်လို့ပါ...
) program ပြီးဆုံးပါပြီလို့ ကြေငြာပါတယ်...
autoLisp ရဲ့ template ဟာ
(defun c:function_name (/)
(do something)
)
လို့မှတ်ယူထားနိုင်ပါတယ်....
ခင်မင်လေးစားလျက်..
ချန်းချန်း(mg mine)
Wednesday, August 19, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment